💰ငွေကြေးနှင့် ကုန်စည် အချို့ကြားမှ ဆက်နွယ်ချက်များ (၁)💰

၁။ ရေနံနှင့် ကနေဒီယန်ဒေါ်လာ ( Oil and CAD )

ကနေဒါနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်တင်ပို့သည့် နိုင်ငံများထဲမှတစ်ခုဖြစ်သည့်အတွက် ရေနံဈေးကျဆင်းလျှင် ကနေဒါရေနံတင်ပို့သူများသည် ဝင်ငွေနည်းသွားမည်သာဖြစ်သည်။ အကျိုးဆက်အားဖြင့် အခွန်ပေးချေရမှုလည်းနည်းသွားမည်သာဖြစ်သည်။ ကနေဒါနိုင်ငံ၏ GDP တွင်ရေနံသည်ကြီးမားသော အပိုင်းမှပါဝင်
နေသောကြောင့် ရေနံဈေးကျဆင်းလျှင် ကနေဒါသည် အဓိကလုပ်ငန်းများနှင့် စီမံကိန်းတိုးချဲ့ရန်သုံးငွေကို လျှော့ချမည်သာဖြစ်သည်။ ထို့ကြောင့် ရေနံဈေးကျလျှင် CAD ( Canadian Dollar ) ကျဆင်းမည်သာဖြစ်သည်။
ရေနံဈေးနှင့် ကနေဒီယန်ဒေါ်လာ CAD ဟာတိုက်ရိုက်အကျိုးသက်ရောက်သော ဆက်နွယ်မှုရှိပါတယ်။

၂။ S & P 500 and Nikkei

အကြမ်းမျဉ်းအားဖြင့် S & P 500 ( Standard and Poor's 500 ) ဟာ အမေရိကန်ကုမ္ပဏီ ၅၀၀ ပါဝင်တဲ့ Stock Market Index တစ်ခုဖြစ်ပြီး၊ Nikkei လို့ခေါ်ကြတဲ့ Nikkei 225 ဟာ Tokyo Stock Exchange က Japan Stock Index တစ်ခုပဲဖြစ်ပါတယ်။
ဈေးကွက်အချိန်အားဖြင့် အမေရိကန်ဈေးချိန် ( မြန်မာချိန် ညနေ ၆ခွဲမှ မနက်၃ခွဲ ) ပိတ်တာနဲ့
အာရှဈေးချိန်လို့ခေါ်ကြတဲ့ ဆစ်ဒနီဈေးချိန် နဲ့ တိုကျိုဈေးချိန် ( မြန်မာချိန် မနက် ၃ခွဲမှ နေ့လည် ၂နာရီခွဲ ) ဟာ ဆက်တိုက်ကပ်လျက်ဖွင့်တာဖြစ်ပါတယ်။
အကယ်၍များ အမေရိကန်မှာ US Indices တွေဈေးကောင်းခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့မယ်ဆိုရင်
သူနဲ့ကပ်လျက် ဈေးကွက်ဖွင့်တဲ့ Tokyo Stock Nikkei ဟာ ဈေးလိုက်ကောင်းတတ်တဲ့ သဘာဝရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်ဟာ အမေရိကန်ကို ကုန်ပစ္စည်းတင်ပို့တဲ့ အဓိကနိုင်ငံ
ဖြစ်နေလို့ပါပဲ။ အဲဒီအတွက် US stock တွေဈေးတက်လို့ဝင်ငွေကောင်းရင် အမေရိကန်တွေဟာ ကုန်ပစ္စည်းတွေများများဝယ်သုံးနိုင်မှာဖြစ်တဲ့အတွက် အကျိုးဆက်အားဖြင့် အဲဒီကုန်ပစ္စည်းတွေ
ကို ထုတ်လုပ်တဲ့ Tokyo Stock Exchange က
Nikkei 250 စာရင်းဝင်ဂျပန်ကုမ္ပဏီတွေလည်း
ဝင်ငွေတိုးပြီး ဈေးတက်လာတတ်တဲ့ သဘောပါ။

အဲဒီအတွက် S & P 500 နဲ့ Nikkei 250 ဟာ တိုက်ရိုက်အကျိုးသက်ရောက်သော ဆက်နွယ်မှု
ရှိပါတယ်။

၃။ ရွှေ နှင့် အမေရိကန်ဒေါ်လာ ( XAU/GOLD နှင့် USD )

ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ကမ္ဘာသုံးငွေကြေး
အမေရိကန်ဒေါ်လာ USD ဟာတိုက်ရိုက်ဆက်စပ်နေတာပါ။ အဲဒီအတွက် Trader တွေဟာ ကမ္ဘာ့စီးပွားရေးကို စိုးရိမ်မှုရှိလာပြီဆိုရင် ရင်းနှီးမြှုပ်နှံမှုကိုလျှော့ချပြီး ငွေကြေးကိုရွှေအဖြစ်ပြောင်းသိမ်းပါတယ်။ ဒါဟာ USD ကိုရောင်းချလိုက်တဲ့သဘောပဲဖြစ်ပြီး ဒေါ်လာငွေတန်ဖိုးကိုကျဆင်းစေပြီး ရွှေဈေးကိုကျတော့ တက်စေပါတယ်။

စီးပွားရေးမကောင်းတိုင်း ရွှေဝယ်တာကတော့ ရွှေဟာ Safe Haven Asset လို့ခေါ်တဲ့ စီးပွားရေးကပ်ကျော် ရင်းနှီးမှုပစ္စည်းဖြစ်နေလို့ပါပဲ။ အဲဒီအတွက် နိုင်ငံတွေကထုတ်ဝေတဲ့ Fiat Currency လို့ခေါ်တဲ့ နိုင်ငံသုံးငွေကြေးတစ်ခုဖြစ်တဲ့ USD လိုငွေကြေးအပါအဝင် ကမ္ဘာသုံးငွေကြေးတွေအပေါ် အားကောင်းတဲ့ယုံကြည်မှုမရမချင်း သူ့ရဲ့မူရင်းအမှန်တန်ဖိုးရှိတဲ့ ရွှေ ကိုကိုင်ထားလိုက်တဲ့သဘောပါ။

အဲဒီအတွက် Global Currency USD ကျရင် ရွှေတက်ပြီး၊ USD တက်တာနဲ့ ရွှေဈေးကျတာဖြစ်ပါတယ်။

XAU GOLD နဲ့ USD ဟာ ပြောင်းပြန်အကျိုးသက်ရောက်သော ဆက်နွယ်မှုရှိပါတယ်။

မျိုးအိမ်ဇန်

Comments